Monday, December 24, 2007

မြန်မာနိုင်ငံသားတွေ နယ်စပ်ကတဆင့် တရုတ်နိုင်ငံထဲ ခိုးဝင်ကာ တရုတ်လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေကို လာဘ်ထိုးပြီး မှတ်ပုံတင်အတုတွေနဲ့ ချက်ခြင်း တရုတ်နိုင်ငံသားတွေဖြစ်ကုန်ကြသည်။ ပီကင်း၊ ရှန်ဟိုင်း စတဲ့ မြို့ကြီးတွေဆီကို ရောက်သွားကြပြီး အိမ်ဝယ်၊ မြေ၀ယ်၊ လုပ်ငန်းတွေထောင်ကြနှင့် ကြီးပွားနေကြသည်။ မိမိတို့ လုပ်ငန်းအတွက် မြန်မာစာ၊ မြန်မာစကားတတ်ရမည်ဟူသော ကန့်သန့်ချက်ဖြင့် တရုတ်အလုပ်သမားတွေကို ခေါ်သုံးသည်။
ဒါကတော့ စိတ်ကူးယဉ် ဖြစ်ပါသည်။
တကယ့် လက်တွေ့မှာတော့ မြန်မာနိုင်ငံက ကချင်တိုင်းရင်းသူတွေ ဘ၀စားဝတ်နေရေး အခက်အခဲကြောင့် ဆွဲဆောင်ခံရလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ဖြစ်ဖြစ် တရုတ်မယားလုပ်ရန် လူပွဲစားတွေနဲ့ လိုက်သွားကြသည်။ တရုတ်လုပ်စာစားရဖို့နေနေသာသာ အကျင့်ကောင်း တာဝန်ကျေ တရုတ်ရဲတို့၏ ဖမ်းဆီးပြန်ပို့တာကို ခံရပြီး မိအေးနှစ်ခါနာ ဖြစ်ကြရသည်။

မြန်မာတွေ သန်းနဲ့ ချည်ပြီး နိုင်ငံပေါင်းစုံကို ထွက်ကာ ပညာသင်နေကြသည်။ အလုပ်လုပ်နေကြသည်။ အဲဒီ နိုင်ငံတွေကလည်း သူတို့ရဲ့နိုင်ငံမှာ လိုအပ်နေတဲ့ စီးပွားရေးသမား၊ ပညာတတ်၊ အခြေခံအလုပ်သမား စသည် တို့ကို ကျွမ်းကျင်သူတွေနဲ့ သေသေချာချာတွက်ချက်ပြီး တခြားနိုင်ငံသားတွေကိုခေါ်ယူကာ နေထိုင်ခွင့် ပေးတတ်ကြသည်။

ဒါပေမယ့် ခိုးဝင်လာသူတွေကို ငုတ်တုတ်ထိုင်ကြည့်နေသောနိုင်ငံ ဘယ်နိုင်ငံမှမရှိ။ ရှာဖွေဖမ်းဆီးပြီးပြန်ပို့သည်။
အထူးသဖြင့် သူတို့နိုင်ငံရဲ့တံဆိပ်တုံး အတုလုပ်တာမျိုး၊ လာဘ်ပေးပြီး မှတ်ပုံတင် အတုလုပ်တာမျိုး ကတော့ လုံးဝသည်းမခံ၊ တရားစွဲဆိုအပြစ်ပေးသည်။

အမိမြေကို တစ်လက်မမျှ ကျူးကျော်တာမခံ စစ်သွားတိုက်ကြ ဆိုပြီး လူစဉ်မမီတဲ့ လခသာစားရတဲ့ အောက်ခြေ တပ်မတော်သားတွေက သူလည်းသေ ကိုယ်လည်းသေ ကိုယ့်နိုင်ငံသား အိမ်ကြက်အချင်းချင်း မိအေးနှစ်ခါနာအောင် ခွပ်နေကြသောအချိန်တွင် ခိုးဝင် မှတ်ပုံတင်အတုနဲ့ တရုတ်တွေက တစ်ဧကပြီး တစ်ဧကနဲ့ မြေ၀ယ်ခြံ ၀ယ် သိမ်းပိုက်နိုင်တာ ကမ္ဘာပေါ်မှာ မြန်မာတစ်နိုင်ငံတည်း ရှိပါသည်။

အသက်မပြည့်သေးတဲ့ ၁၃နှစ်၊ ၁၄နှစ် ကလေးတွေကို ကိုယ်ချင်းမစာ စစ်တပ်ထဲခေါ်ခိုင်းနေတဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုသူရဲ့ မြေးဖြစ်သူ ဖိုးလပြည့်ကတော့ ဒီနှစ်မှာ ၁၀တန်းအောင်သွားပါပြီ။ သူ့အဖိုးနဲ့အဖေ တို့လို အမိမြေကို တစ်လက်မမျှကျူးကျော်တာမခံ၊ စစ်တိုက်ဖို့အတွက် ကြိုက်နှစ်သက်ရာ တပ်မတော်ဗိုလ်လောင်းသင်တန်းကျောင်းကို တက်နိုင်ပါပြီ။ ကာကွယ်ရေးဦးစီးချုပ်ဆိုသူက ကိုယ့်ရဲ့သွေးသားအလှည့်ကြတော့ ဘယ်လိုလုပ်မယ်ဆိုတာ မကြာခင်လပိုင်းအတွင်းမှာ စိတ်ဓါတ်သိရပါတော့မည်။

တချိန်က မြန်မာ့မြေပေါ်ကို ကူမင်တန်တရုတ်ဖြူတွေ ဘယ်လောက် ကျူးကျော်ခဲ့ပါသလဲ။
မြန်မာ့မြေကို ဘယ်နှစ်လက်မ ရသွားကြပါသလဲ။
အမိမြေအတွက် မျိုးချစ်မြန်မာ့စစ်သည်တော်တွေ ဘယ်နှစ်ယောက် အသက်ပေးခဲ့ကြရပါသလဲ။

ယခု ခိုးဝင် မုတ်ပုံတင်အတုနဲ့ တရုတ်ဦးရေဘယ်လောက်က မြန်မာ့မြေကို ဧကပေါင်းဘယ်လောက် ပိုင်ဆိုင်ထားပြီးပါပြီလဲ။
ကိုယ့်ဟာနဲ့ကိုယ်တောင် စားသောက်နေထိုင်မှု မပြည့်စုံတဲ့ အိမ်တစ်အိမ်ပေါ်ကို နောက်ဖေး ပေါက်က သူစိမ်း တသန်း တက်လာရင်၊ အိမ်ရှင် တသန်းငတ်တာပါပဲ။
အခု ဘိုးစဉ်ဘောင်ဆက် လည်ပင်းဖက်နေခဲ့ကြသူတွေပင် ပြဿနာတွေက မပြီးသေး။ တချိန်မှာ ခိုးဝင်တရုတ်တွေရဲ့ မြေယာပိုင်ဆိုင်မှု၊ ဓနပိုင်ဆိုင်မှု၊ လူဦးရေ၊ ယဉ်ကျေးမှုပျံ့နှံ့အား တွေ အရ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ တောင်းတာတွေ ဖြစ်လာခဲ့သော်၊ သူတို့ပြည်တွင်းရေး သူတို့ဖြစ်နေကြတာလို့ တရုတ်နိုင်ငံက ၀င်မစွက်ဘဲ ထိုင်ကြည့် နေပါမည်လား။
ထို့ကြောင့် မြန်မာ့ တပ်မတော်သက်တမ်းတလျှောက်တွင် လုံးဝမရှိခဲ့ဖူးသော နိုင်ငံသစ္စာဖေါက်၊ လူမျိုးသစ္စာဖေါက်၊ အမျိုးသားသစ္စာဖေါက်၊ တရုတ်နိုင်ငံ၏ သစ္စာခံ အလိုတော်ရိ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အမိမြန်မာမြေနှင့် အနာဂတ်မြန်မာ့မျိုးဆက်များအတွက် ဆုငွေထုတ်လိုက်ပါသည်။

လုံးစေ့ပတ်စေ့ သိချင်ရင်.

Thursday, December 13, 2007

လူတွေက ကိုယ်တတ်ကျွမ်းတဲ့ အတတ်ပညာနဲ့ ထိုက်ထိုက်တန်တန် အလုပ်လုပ်ပေးသည်၊ ထိုက်ထိုက်တန်တန် လခယူသည်။ ဒါကတော့ ပုံမှန်သဘာဝဖြစ်သည်။

ကိုယ်မတတ်ကျွမ်းသော၊ ကိုယ်မကျွမ်းကျင်သောနယ်ပယ်မှာ ရာထူးယူသည်၊ လစာယူသည်။ တလွဲတွေလုပ်သည်။ အကျိုးဖြစ်တာထက် အရှုံးကပိုများသည်။

ဤသူသည် လစာလူလိမ် ဖြစ်သည်။

လခတော့ယူသည်။ လုပ်တတ် လုပ်နိုင်ရက်နဲ့ မလုပ်၊ ပေးရတဲ့လစာနဲ့ မတန်အောင်အချောင်ခိုသည်။

ဤသူသည် လစာသူခိုး ဖြစ်သည်။

ကိုယ်နဲ့ မသက်ဆိုင်တော့တဲ့အလုပ်၊ လုပ်ဖို့ မသင့်တော်တော့တဲ့ အလုပ်ကို အတင်းလုလုပ်သည်။ လခယူသည်။

ဤသူသည် လစာဓါးပြ ဖြစ်သည်။

လခလဲယူထားသေး၊ လုပ်သမျှအလုပ် ကိုယ့်အိတ်ထဲရောက်ဖို့ချည်း တွက်ချက်အလုပ်လုပ်နေတဲ့သူကတော့
အဆိုးဆုံး သူယုတ်မာဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုသူသည် အထက်ပါ လေးချက်နှင့်ကိုက်ညီသော လစာလူလိမ်၊ လစာသူခိုး၊ လစာဓါးပြ၊ သူယုတ်မာဖြစ်သည်။

အသက် ၆၅နှစ် ပြည့်ကတည်းက သူတစ်ပါးဆက်ခံရမည့် ရာထူးနဲ့ လစာတွေကို နိုင်ငံ၊ အဖွဲ့အစည်း၏ စည်းမျဉ်း၊ စည်းကမ်း၊ တရားဥပဒေကို ချိုးဖောက်၍ လုယက်ထားသည်မှာ ၁၀စုနှစ် တခုစာရှိနေပြီဖြစ်သည်။

ထိုင်းအာဏာသိမ်း စစ်အစိုးရ၀န်ကြီးချုပ်ဆူလာယုချူလာနော့က ကျွန်တော်တို့ အစိုးရဟာ
ဥပဒေကြောင်းနဲ့ မညီညွတ်တာ ဘာကိုမှ ဆောင်ရွက်မှာမဟုတ်ဘူးဆိုပြီး ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆွန်ထီ၏ ရာထူးသက်တမ်းထပ်တိုးခွင့်ကို ပယ်ချလိုက်သလို ဗိုလ်ချုပ်ကြီးဆွန်ထီကလည်း အသက် ၆၀မှာ သိက္ခာရှိရှိ ရာထူးက အနားယူခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းက မိမိတို့တပ်သဘာဝအရ အမြဲတမ်းထရိမ်နင်ပေးထားသည့် အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိလို့ အလုပ်မဖြစ် ဆိုသည့်ကိစ္စမျိုး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိလို့ လုပ်ငန်းများပျက်သွားမည် ဆိုသည့် ကိစ္စမျိုး မိမိတို့တပ်တွင်မရှိကြောင်း၊ မိမိတို့တပ်မတော်သားများတွင် တပ်၏စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကိုလိုက်နာရသလို၊ နယ်ဘက်စည်းမျဉ်း၊ ဥပဒေများကိုလည်း လိုက်နာရကြောင်း၊ ဥပဒေကျူးလွန်ပြီဆိုပါက ဥပဒေအရ မည်သည့် တပ်မတော်သားကိုမဆို အပြစ်ပေးရကြောင်း။

တပ်မတော်၏ အစိတ်အပိုင်းအားလုံးသည် တပ်မတော်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ မည်သူမျှ ဥပဒေ၏အထက်တွင် ကင်းလွန်စွာမရှိကြောင်း၊ ပြည်သူများအပေါ် မောက်မာစွာဆက်ဆံခြင်း၊ အနိုင်ထက်ပြုခြင်းများအပါအ၀င် ဥပဒေနှင့်မညီညွတ်သော၊ ဥပဒေကိုဆန့်ကျင်ချိုးဖေါက်သော ဖြစ်စဉ်ဖြစ်ရပ်များ ပေါ်ပေါက်သည့်အခါတိုင်း မိမိတို့တိကျထိရောက်စွာ အရေးယူ ဆောင်ရွက်ခဲ့သည်သာဖြစ်ကြောင်း။

မည်သူမျှဥပဒေ၏ အထက်တွင်မရှိ၊ လူပုဂွိုလ်တိုင်းဥပဒေအရတွင် တပြေးညီသာဖြစ်သည်ဟူသော သဘောထားနှင့်အညီ အရေးယူဆောင်ရွက်သည်မှာ မိမိတို့တပ်မတော်က အစဉ်တစိုက် လက်ခံကျင့်သုံးနေသော မူဝါဒပင်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ အတိအလင်းပြောကြားခဲ့ပါသည်။

ကိုယ်တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးဟာ နိုင်ငံသားတိုင်းမှာတာဝန်ရှိပါသည်။

လခစားပြီး တာဝန်ယူထားတဲ့သူတွေက ကိုယ်ပြောထားသလို ဥပဒေအတိုင်းဆောင်ရွက်နိုင်စွမ်းမရှိတော့တဲ့အခါ ဥပဒေစိုးမိုးရေးအတွက် ပြည်သူတွေက ကိုယ်ထူကိုယ်ထ တရားစီရင်ရေးလုပ်ကြရမှာဘဲဖြစ်ပါသည်။

သူတပါးရဲ့ ရာထူးနဲ့ လစာကို ဥပဒေချိုးဖေါက်ပြီး ဓါးပြတိုက်လုယူထားတဲ့ ဦးသန်းရွှေကို ဆုငွေထုတ်လိုက်ပါသည်။

၎င်းအပြင် စက်တင်ဘာ သံဃာ့ လှုပ်ရှားမှုကို အကြမ်းဖတ်၍ သံဃာများကို သတ်ရာတွင် အဓိက လုပ်ဆောင် ပါဝင်သောသူများ အပါအ၀င် တပ်မတော်၏ ဂုဏ်သိက္ခာကို ကျဆင်းအောင် တပ်အတွင်း အမျိုးမျိုး ဒုက္ခပေးနေပြီး(ခံစားနေရသူများ သိပါသည်။)၊ တိုင်းပြည်အတွင်း အမျိုးမျိုးသောနည်းဖြင့် လူလည်ခေါင် ဒမြတိုက်ကာ တိုင်းပြည်ကို အန္တရာယ်ပေးနေသော ဦးသန်းရွှေ၏ မိသားစုကိုပါ ဤနေရာတွင် ဆုငွေ ထပ်ထုတ်လိုက်ပါသည်။

ဆုငွေ ပမာဏမှာ နည်းသည် မှန်သော်လည်း ကိုယ်ထူကိုယ်ထ တရားစီရင်ရေးတွင် အသုံးပြုသည့် ငွေများသည် ချွေးနည်းစာများဖြင့် ပင်ပန်းစွာ လုပ်ကိုင်ရှာဖွေထားသော ငွေများ ဖြစ်သဖြင့် အဖိုးတန်ပါသည်။ ထိုအပြင် တကယ် ပေးမည့် ငွေကြေးပမာဏ ဖြစ်ကြောင်း အာမခံပါသည်။

၁။ ဦးသန်းရွှေ (ကာကွယ်ရေးဦးစီးချုပ်)
၂။ ဦးအောင်သောင်း (အမှတ် (၁) စက်မှုဝန်ကြီး)
၃။ ဗိုလ်ချုပ်မောင်ဦး (ပြည်ထဲရေးဝန်ကြီး)
၎။ ဗိုလ်ချုပ်ဌေးဦး (စိုက်ပျိုးရေးဝန်ကြီး)
၅။ ဗိုလ်မှူးချုပ်ကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
၆။ ဗိုလ်မှူးချုပ်သူရမြင့်မောင် (သာသနာရေးဝန်ကြီး)
၇။ ဗိုလ်မှူးကြီးသန်းဟန် (အဓိကရုဏ်းနှိမ်နင်းရေး)

၈။ ဦ၊သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် သမီးများ

ကိုက (ဂျပန်) ကျပ် သိန်း (၁၀၀)

၁။ = ကျပ် သိန်း (၁၀၀)
၂။ ၃။ ၄။ ၅။ ၆။ ၇။ = ကျပ် သိန်း (၅၀)
၈။ = ကျပ် သိန်း (၂၀)

ကိုခ (ဂျပန်) ကျပ် သိန်း (၁၀၀)

၁။ = ကျပ် သိန်း (၃၀)
၂။ ၃။ ၄။ ၅။ ၆။ ၇။ = ကျပ် သိန်း (၂၀)

ကိုဂ (ဂျပန်) ကျပ် သိန်း (၈၀)

၁။ = ကျပ် သိန်း (၅၀)
၂။ ၃။ ၄။ ၅။ ၆။ ၇။ = ကျပ် သိန်း (၃၀)

ကိုဃ (ဂျပန်) ကျပ် သိန်း (၂၀)

၁။ = ကျပ် သိန်း (၂၀)

ကိုင (ဂျပန်) ကျပ် သိန်း (၂၀)

၁။ = ကျပ် သိန်း (၂၀)

ကိုစ (ဂျပန်) ကျပ် သိန်း (၂၀)

၁။ = ကျပ် သိန်း (၂၀)
၂။ ၃။ ၄။ ၅။ ၆။ ၇။ = ကျပ် သိန်း (၅)

ကိုဆ (ဂျပန်) ကျပ် သိန်း (၅၀)

၁။ = ကျပ် သိန်း (၂၀)
၂။ ၃။ ၄။ ၅။ ၆။ ၇။ = ကျပ် သိန်း (၁၀)

ကိုဇ (ဂျပန်) ကျပ် သိန်း (၁၀)

၁။ = ကျပ် သိန်း (၁၀)
၂။ ၃။ ၄။ ၅။ ၆။ ၇။ = ကျပ် သိန်း (၅)

ကိုဈ (ဂျပန်) ကျပ် သိန်း (၁၀)

၁။ = ကျပ် သိန်း (၁၀)
၂။ ၃။ ၄။ ၅။ ၆။ ၇။ = ကျပ် သိန်း (၁၀)

ကိုည (ဂျပန်) ကျပ် သိန်း (၁၀)

၁။ = ကျပ် သိန်း (၁၀)
၂။ ၃။ ၄။ ၅။ ၆။ ၇။ = ကျပ် သိန်း (၅)

စုစုပေါင်း = ကျပ် သိန်း (၄၂၀)

၁။ = ကျပ် သိန်း (၂၉၀)
၂။ ၃။ ၄။ ၅။ ၆။ ၇။ = ကျပ် သိန်း (၁၃၅)
၈။ = ကျပ် သိန်း (၂၀)

ဘလော့နဲ့ပေါင်းရင်

စုစုပေါင်း -
မြန်မာကျပ်ငွေ သိန်း (၅၇၀)
GBP £ 400
EURO 100
US $ 1,300
Singapore $100

၁။ ဦးသန်းရွှေ (ကာကွယ်ရေးဦးစီးချုပ်) -
ကျပ် သိန်း (၄၄၀) +
GBP £ 400 +
EURO 100 +
US $ 1,300 +
Singapore $100

၂။ ဦးအောင်သောင်း (အမှတ် (၁) စက်မှုဝန်ကြီး)
၃။ ဗိုလ်ချုပ်မောင်ဦး (ပြည်ထဲရေးဝန်ကြီး)
၎။ ဗိုလ်ချုပ်ဌေးဦး (စိုက်ပျိုးရေးဝန်ကြီး)
၅။ ဗိုလ်မှူးချုပ်ကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
၆။ ဗိုလ်မှူးချုပ်သူရမြင့်မောင် (သာသနာရေးဝန်ကြီး)
၇။ ဗိုလ်မှူးကြီးသန်းဟန် (အဓိကရုဏ်းနှိမ်နင်းရေး) -
တစ်ယောက် = ကျပ် (၁၃၅) သိန်း

၈။ ဦးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် သမီးများ
တစ်ယောက် = ကျပ် သိန်း (၂၀)

လုံးစေ့ပတ်စေ့ သိချင်ရင်.

Saturday, December 8, 2007

မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်များ ပျက်စီးနေပြီး၊ လက်ရှိ နအဖ၏ တရားဥပဒေမှ အရေးယူနိုင်စွမ်း မရှိသော ဘာသာ သာသနာအား စော်ကား ဖျက်စီးနေသော၊ အဂတိ လိုက်စားနေသော လူများအား ကျွန်တော်တို့၏ ကိုယ်ထူ ကိုယ်ထ တရားစီရင်ရေး မှ ဆုငွေထုတ်၍ အရေးယူနိုင်ရန် ကြိုးစား ဖေါ်ထုတ်နေပါသည်။

ယခုလက်ရှိ သာသနာဖျက်၊ သံဃာ သတ်သမား၊ လူသတ်သမား၊ အဂတိ လိုက်စားသော ဒုစရိုက်သမား သန်းရွှေ အား ပဏာမ အနေဖြင့် ဆုငွေထုတ်ထားပါသည်။ နောင်တွင်လည်း အခြားသော ဒုစရိုက် သမားများအား ကိုယ်ထူ ကိုယ်ထ တရားစီရင်ရေး မှ ဆုငွေဆက်လက် ထုတ်သွားမည် ဖြစ်ကြောင်း သတင်းပါးအပ်ပါသည်။

ဆုငွေ အစီအစဉ်တွင် ပါဝင်၍ ငွေကြေးထည့်ဝင်လိုသော တိုင်းပြည်အား ဒုစရိုက်မှု ကင်းဝေးလိုသူ၊ တရားဥပဒေ မြတ်နိုးသူ အပေါင်းအားလည်း ဤနေရာမှ ဖိတ်ခေါ်ပါသည်။

ဆုငွေ ပါဝင်လိုသူများ tzhtike2004@gmail.com တွင် ဆက်သွယ်နိုင်ပါသည်။



Summary


လုံးစေ့ပတ်စေ့ သိချင်ရင်.

Reward


မြန်မာကျပ်ငွေ သိန်း (၁၅၀)
GBP £ 400
EURO 100

US $ 1,300
Singapore $100

လုံးစေ့ပတ်စေ့ သိချင်ရင်.

 
/* EOT ----------------------------------------- */